Tuesday, June 17, 2014

လူတွေ…ဖြစ်တက်တဲ့သဘော



အလုပ်တွေလုပ်ကြပါတယ် အလုပ်လုပ်နေရင်းနဲ့ မှားတဲ့သူကလဲ
မှားမယ်ပေါ့ဗျာ…လူဆိုတာက အမှားနဲ့ကင်းတဲ့သူ မည်သူရှိသလဲ
လက်ညိုးထိုးပြီးရေတွက်ကြည့်ရင် တစ်ယောက်မရှိပါဘူး…..
         ဒါပေမဲ့အမှားလုပ်သူသည်  ကိုယ်လုပ်လိုက်တာသည်
အမှန်ဆိုပြီးလုပ်လိုက်တာ ကြည့်ပါပဲ ဒါပေမဲ့ မှားသွားတယ်ဆိုရင်
အဲ့ဒီအမှားကို မှားတယ်လိုပြောလာရင် ရဲရင့်စွာ အမှားလုပ်မိပါတယ်ဟု
ဝန်ခံတက်ဖို့၊ လက်ခံတက်ဖို့လိုပါတယ်………
         အချို့သော လူများသည် အမှားကိုသိသော်လည်း အမှားကိုလက်ခံဖို့ရန်
အရမ်းကို ခက်ခဲနေတက်ကြတယ် ……အဲဒီလိုမျိုးသာ ဖြစ်နေမယ်ဆိုရင် အမှန်တရားကို
ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ဘူး..
         အချို့သော လူများသည် ကိုယ်မှားမှန်းသိသော်လည်း ပြင်ခြင်တယ်…..မှားတာကိုမှားမှန်းသိသော်လည်း ၀န်ခံဖို့ခက်ခဲနေတဲ့လူများသည်
ပတ်ဝန်းကျင်လူများနှင့်ပေါင်းသင်းဆက်ဆံရာတွင် အဖုအထစ်များစွာနဲ့ကြုံတွေ့နေရတက်သည်…
         လူတစ်ချို့သည် ကိုယ်ကိုကိုယ် မှားမှန်းမသိ မှားနေတာကို မှန်တယ်လို့ထင်တက်သူ
သည် ဘယ်တော့မှ အမှားကိုလက်ခံတွေ့မြင်နိုင်မည်မဟုတ်ပါ…
         သူကိုယ်တိုင်က အားလုံးကို မှန်တယ်လိုထင်နေလို့ပါ………..

0 comments:

Post a Comment