This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, May 31, 2014

တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ပေးစေခြင်

မန္တလေးတိုင်းဒေသကြီး တံတားဦး
မြို့နယ်တွင် ဖဲဝိုင်း ဂျင်ဝိုင်း လောင်းကစားများ
အား ပြုလုပ်ဆောင်ရွက်နေကြောင်း
ထိုသို့လောင်းကစားခြင်းအား တံတားဦးမြို့နယ်ရဲတပ်ဖွဲ့သို့ ဖုန်း
ဖြင့် ၁၈-၅-၂၀၁၄ ရက်နေ့တွင် ဆက်သွယ် အကြောင်းကြားထားရှိရာ ယနေ့
အချိန်ထိဖမ်းဆီးအရေးယူဆောင်
ရွက်ခြင်းမရှိသေးပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲလုပ်ငန်း
များအား ကျေနပ်မှုမရှိက တိုင်ကြား
နိုင်သည်ဟုဖော်ပြထားသော ဖုန်းနံ
ပါတ်များသည် အမှန်တကယ် ဆက်သွယ်ရာတွင် ပြည်သူလူထုအား အရေးတယူပြု
လုပ်ဆောင်ပေးခြင်းမရှိပါ
ယခုလိုတိုင်ကြားရခြင်းသည်လည်း
လောင်းကစားခြင်းပြုလုပ်နေသည်
မှာအမှန်တကယ်ဖြစ်၍ တိုင်ကြားရခြင်းဖြစ်ပါသည်

တိုင်တန်းသူ
ဦးကျော်မြိုင်

posted from Bloggeroid

Monday, May 26, 2014

ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရသည့် ၃၅ နှစ်မြှောက် အမှတ်တရနေ့ နှိုးဆော်ချက်


ကျောင်းသားအပေါင်းတို့၊
လူငယ်ခေါင်းဆောင်အပေါင်းတို့
ပြည်သူအပေါင်းတို့
ယနေ့သည်…ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ဦးနေဝင်း အာဏာရှင် အစိုးရမှ ကြိုးပေးကွပ် မျက်ခဲ့သည့် သုံးဆယ်ငါးနှစ်ပြည့်မြှောက်သည့်နေ့ဖြစ်သည်။ ယနေ့သည် မြန်မာနိုင်ငံ၏ အနာဂတ်ကြယ်တစ်ပွင့်ဖြစ် သည့် ထက်မျက်သည့် လူငယ်ခေါင်းဆောင်တဦး၊ အာဏာရှင်တို့လက်ချက်ဖြင့် ကြွေလင့်ရှုံးဆုံးသွားရ သည့်နေ့ဖြစ် သည်။ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်းတလျှောက်တွင် ဆလိုင်းတင်မောင်သည် ပထဦးဆုံးနှင့် လက်ရှိ ကာ လအထိတဦးတည်းသော ကြိုးပေး သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင်ဖြစ်သည်။
ကျောင်းသားခေါင်းဆောင်အပေါင်းတို့ ……..
ဆလိုင်းတင်မောင်Uီးအား သတ်ဖြတ်ပစ်ရန် ကြိုးတိုက်ထဲမှ ခေါ်ထုတ်သွားစဉ် ၎င်းက……“ရဲဘော်တို့ ငါတော့ သွား ပြီ၊ မင်းတို့ ဆက်လုပ်ကြ” ဟုအော်ဟစ်မှာကြားသွားသည်။
ဘာဖြစ်ခဲ့၍ဘာဆက်လုပ်ကြရမလဲ
ဗိုလ်ချုပ်ကြီးနေဝင်းစစ်အစိုးရ လက်ထက်တွင် တိုင်းပြည် တစတစ ဆင်းရဲကြပ်တည်းလာနေခြင်းမှာ စနစ်မှား ယွင်းနေ မှု ကြောင့်ဖြစ်ကြောင်း။ ထို့အပြင် ၁၉၇၄ ခုနှစ်တွင် အလုပ်သမားများ အခြေခံဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒပြကြရာ အလုပ် သမားနှင့်ကျောင်းသားရာပေါင်းများစွာ သေကျေခဲ့ရသည်အထိ မဆလအစိုးရမှ ပစ်ခတ်၊ သတ်ဖြတ် ဖြိုခွင်းခဲ့ခြင်းသည် လည်း ကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ရုပ် က လာပ်ကို ဦးနေဝင်း၏ဇနီးဒေါ်ခင်မေသန်းခြေရင်းတွင် မြှုပ်နှံသင်္ဂြိုဟ်ရန်သတ်မှတ်ပေးခဲ့ခြင်းသည်လည်းကောင်း၊ ရက်စက်သော လူမဆန်သော အစိုးရ၏ မှားယွင်း သည့်လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများကမြင်ကြသည်။ မဆလ အာဏာရှင်အစိုးရ၏စနစ်မှားယွင်းနေမှုနှင့် လုပ်ရပ်မှားယွင်း နေမှုများကိုဆလိုင်းတင်မောင်ဦးကရဲရင့် ပြတ်သား စွာပြတ်သားစွာ ဦးဆောင်ဆန့်ကျင်ခဲ့သည်။ဆလိုင်းတင်မောင်ဦးသည် ကျောင်းသားလှုပ်ရှားမှုသမိုင်း တွင်ထင်ရှား သည့် ဦးသန့်ဇာပနအရေးအခင်း(၁၉၇၄)၊ ၁၉၇၅ ခုနှစ် အလုပ်သမားသပိတ် နှစ်ပတ်လည်နေ့အထိန်းအမှတ်အရေး အခင်းများကို ဦးဆောင်ခဲ့သူ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် ရေးခင်း(၁၉၇၆)ဖြစ်မြှောက်ရေးကိုစီစဉ်ခဲ့သူ အဓိက ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။
ဆလိုင်းတင်မောင်ဦးအား အာဏာရှင်ကုလားထိုင်ကိုအပြီးအပိုင်ရိုက်ချိုးပစ်နိုင်စွမ်းရှိသူအဖြစ် မဆလအာဏာရှင် အစိုးရက မြင်ပုံရသည်။ ထို့ကြောင့် မှိုင်းရာပြည့်ချီတက်ပွဲ မတိုင်မီတရက်အလိုတွင် မဆလ စစ်အစိုးရမှ ၎င်းအား ဖမ်း ဆီးလိုက်ပြီး၊ သုံးလခန့်အတွင်း အင်းစိန်အကျဉ်းထောင်တွင်း၌ သေဒဏ်အမိန့်ချမှတ်ကာ လက်လွတ်စ ပယ် ကြိုးပေးသတ်ဖြတ်လိုက်လေသည်။အာဏာရှင်အစိုးရမှအကြောက်လွန်ကာ လက်ဦးမှုရယူသတ်ဖြတ်လိုက်ခြင်းဖြစ် သည်။ကျောင်းသားခေါင်းဆောင်တစ်ဦးအားသတ်ဖြတ်လိုက်ရုံဖြင့်၊ ကျောင်းသားခေါင်းဆောင်များအားဖမ်းဆီးထောင် ချထားလိုက် ခြင်းဖြင့်မမှန်ကန်သည့်စနစ်ကြီးသည်အာဏာရှင်များမျှော်လင့်ထားသလို ရာသက်ပန်တည်တံ့သွား မည်မဟုတ်။ ဆလိုင်း တင်မောင်ဦးမှာကြားချက်နှင့်ကိုက်ညီစွာ ကျန်ရှိသည့်ကျောင်းသားထုက ဆက်လက်ဆန့် ကျင်လုပ်ဆောင်နေမည်သာဖြစ် သည်။ ကျောင်းသားများဦးဆောင်သည့် ၈၈၈၈ အရေးတော်ပုံကြီးဖြင့် မဆလ တစ်ပါတီ စနစ်ဆိုးကြီးအား အမြစ်မှလှန် ဖြို ဖျက်ပစ်ခဲ့ ခြင်းဖြင့်လည်း သက်သေပြခဲ့ပြီးဖြစ်သည်။ယနေ့ စစ်အုပ်စု က ပြည်သူလူထုအား မျက်နှာပြောင်တိုက်လိမ်ညာနေသည်၊ ဖိနှိပ်ခြိမ်းခြောက်မှုများယခင်ကထက်ပိုမိုလုပ်ဆောင်
နေသည်၊ ဟန်ပြမက်လုံးပေး၍ပြည်သူ့ညီညွတ်မှုကို သပ်လျှိုဖြိုခွဲနေသည်။ ဤလုပ်ဆောင်မှုများဖြင့် စစ်တပ်ကြိုး ကိုင် အာဏာရှင် အစိုးရစနစ်ကိုတည်ဆောက်နေသည်။ ဤစနစ်သည် စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်း သာကောင်းစား၊ ချမ်းသာနိုင် သည့်စနစ်ဖြစ်ပြီး၊ တိုင်းပြည်နှင့်ပြည်သူတရပ်လုံးအတွက်မူ၊ အကြောက်တရားလွမ်းမိုးခံရမှုဆင်းရဲ မွဲတေ မြဲ မွဲတေနေစေမည့် စနစ်ဆိုးသာဖြစ်သည်။ ဤစစ်ဗိုလ်ချူပ်အသိုင်းအဝိုင်းကောင်းစားရေး စနစ်ကြီးအား ဆက်လက်ဆန့်ကျင်ဖြိုဖျက် သွားကြရမည် ဖြစ်သည်။
ခေါင်းဆောင်အပေါင်း၊ လူငယ်အပေါင်း၊ ပြည်သူလူထုအပေါင်းတို့
- ဘဝနောက်ဆုံးအချိန်ထိ ခံယူချက်ကို မြဲမြန်စွာကိုင်စွဲထားသည့်- ရဲဘော် ဆလိုင်းတင်မောင်ဦး၏ သတ္တိ
- “မင်းတို့ရဲ့စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ ဒူးမထောက်ဘူးကွ” ဆိုသည့် ရဲဘော်ဆလိုင်း တင်မောင်ဦး၏ သံမဏိစိတ်ဓါတ်
- “ရဲဘော်တို့ ငါတော့သွားပြီ မင်းတို့ဆက်လုပ်ကြ” ဆိုသည့် ရဲဘော်ဆလိုင်းတင်မောင်ဦး၏ ကြိုးစင်ပေါ်အတက် မှာကြားချက်များကို နှလုံးမူလျှက်
ဤစစ်ဗိုလ်ချူပ်အသိုင်းအဝိုင်းကောင်းစားရေး စနစ်ဆိုးကြီးအား၊ တွေဝေယိမ်းယိုင်းမှုမရှိဘဲ၊ ဒူးမထောက် လက် မမြှောက်ဘဲ၊ စုစည်းညီညွတ်စွာ စဉ်ဆက်မပြတ် တိုက်ပွဲဝင်သွား ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်သည်။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
အရေးတော်ပုံ အောင်ရမည်။
ရဲဘော်ဆလိုင်းတင်မောင်ဦးအား အလေးပြုလျှက်-
ရက်စွဲ……
လေးစားစွာဖြင်

နာရေးကူညီမှုအသင်းရဲ့ဂုဏ်ထူးဆောင်အသင်းသား ဖြစ်လာနိုင်တဲ့ သင်ဇာဝင့်ကျော် "


 


ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် မေလ ၂၂ ရက်နေ့က နာရေး ကူညီမှု အသင်း (ရန်ကုန်)မှာ လုပ်အားဒါန ပေးဆပ်မှုပြုခဲ့ကြောင်း သိရသည်။ ၄င်းသည် အဆိုပါနေ့ က ဒဂုံမြို့သစ် အရှေ့ပိုင်းနေ ကွယ်လွန်သူ ဦးမြမန်း အသက် (၈၇)နှစ် ၏ ဈာပနလမ်းကြောင်းကို ကူညီဖေးမ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု ဈာပန လမ်းကြောင်း များသို့ သင်ဇာဝင့်ကျော်၏ လိုက်ပါပေးဆပ် ဆောင်ရွက် မှုများမှာ သင်္ကြန် မတိုင်မီ မတ်လ ကတည်း ကစတင်ခဲ့ပြီး တစ်လလျှင် နှစ်ရက်မျှ ပုံမှန် လာရောက် လုပ်အားဒါနပြုလေ့ရှိကြောင်း နာရေး ကူညီမှု
အသင်း (ရန်ကုန်)က ဆိုပါသည်။

နာရေး ကူညီမှုအသင်း (ရန်ကုန်)၌ ရုပ်ရှင်၊ဂီတ နယ်မှ အနုပညာရှင်များ လာရောက် လုပ်အားပေး လုပ်ဆောင်လေ့ ရှိပြီး ဂုဏ်ထူး ဆောင် အသင်းသား များအဖြစ် ဂီတ အနုပညာရှင်များ ထဲမှ ဦးရဲလွင်၊ ဆောင်းဦးလှိုင်၊ ကိုသားထွေး တို့အား သတ်မှတ်ထားကြောင်း သိရသည့်အတွက် ရုပ်ရှင်အနုပညာရှင် များထဲမှလည်း ဂုဏ်ထူးဆောင် အသင်းသား အဖြစ် ဂုဏ် ပြု သတ်မှတ်ရန် ရှိ၊ မရှိကို နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ ဆက်သွယ်မေး မြန်းရာ ဥက္ကဋ္ဌ ဦးကျော်သူက “သင်ဇာဝင့်ကျော် အနေဖြင့် အခု လို ပုံမှန်လုပ် အားပေး
ပေးဆပ်မှု ရှိမယ် ဆိုရင်တော့ ဂုဏ်ထူးဆောင်အသင်းသား အဖြစ် သတ်မှတ်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုဖြေကြားပါသည်။

Wednesday, May 21, 2014

နိုင်ငံရေးသမားနှင့်အတူ

နိုင်ငံရေးအကြောင်းဆိုတာဘာမှ လုပ်စရာမလိုဘူး တစ်ယောက်မကောင်းကြောင်း
ဘယ်အဖွဲ့အစည်းကိုမဆို ဘာဖြစ်တယ်လို့သာ ကန့်ကွက်
စကားဆိုလိုက် ဆန့်ကျင်ဘက်လုပ်လိုက် နိုင်ငံရေး
စာရင်းဝင်သွားရင် နံမည်ကြီးသွားမည် နိုင်ငံရေးလုပ်
နေသူများသည် နိုင်ငံတော်အတွက်
တိုင်းပြည်အတွက်ဆိုပြီးလုပ်နေတာ
မဟုတ်ဘူး ငါ့အတွက် ငါ့မိသားစုအတွက် ငါ့မြေးအတွက်
ငါ့မြစ်အတွက် ဆိုပြီး ရည်ရွယ်ချက်
၎ ရပ်နှင့်အညီ တိုင်တယ်ပြီး ရရာ
လက်နက်စွဲကိုင်လှုပ်ရှားနေကြတာ
ဘယ်ကောင်မှ ဘယ်အဖွဲ့စည်းမှ သတ္တိမရှိဘူး သတ္တိမရှိလို့လဲ
အဖွဲ့ ဖွဲ့ထားတာပေါ့လေ
continue

posted from Bloggeroid

ထိုင်းသင်ခန်းစာ

ထိုင်း သင်ခန်းစာ
ပြီးခဲ့သည့် နာရီပိုင်း အတွင်းကပင် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာကာ ဘန်ကောက်မြို့တော်ရှိ အစိုးရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဓိက အဆောက်အအုံများတွင် နေရာယူ တပ်စွဲထားလိုက်ကြသည်။ ယင်းမတိုင်ခင် ကာလများက ယင်းလပ်အစိုးရကို ဆန့်ကျင်သော အုပ်စုနှင့် ထောက်ခံသော အုပ်စုများအကြား အကြမ်းဖက် တိုက်ခိုက်လာနိုင်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရပါက ထိုင်းနိုင်ငံ၏ မငြိမ်မသက်မှု များသည် ပြည်တွင်းစစ် ဖြစ်သွားနိုင်သည်အထိ အခြေအနေ ဆိုးသွားနိုင်သောကြောင့် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းလိုက်ခြင်းပင် ဖြစ်သည်။
ထိုင်းနိုင်ငံရေးသည် စင်စစ်အားဖြင့် ငွေကြေး ချမ်းသာသူများ၊ မြို့နေ ပညာတတ် လူတန်းစားများ ပါဝင်သည့် ရှပ်ဝါ အီလစ်အုပ်စုနှင့် မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်ဒေသနေ အခြေခံ ထိုင်းပြည်သူ ရှပ်နီများအကြား ပဋိပက္ခဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ သို့သော် ယင်းပဋိပက္ခ နောက်ကွယ်တွင် နိုင်ငံ့စီးပွား ရာနှုန်းအများစုကို ချုပ်ကိုင်ထားသည့် ဘုရင့် ဆွေတော်မျိုးတော်များ၊ ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သူ အီလစ်များ၊ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ရဲချုပ်ဟောင်း၊ ဥပဒေဘွဲ့ရ၊ ဝန်ကြီးချုပ်ဟောင်း၊ ဆက်သွယ်ရေး ကုမ္ပဏီသူကြွယ် သက်ဆင်ရှင်နာဝပ်၊ နှမဖြစ်သူ ယင်းလပ်တို့၏ နိုင်ငံရေး သြဇာထူထောင်ရေး၊ အာဏာနိုင်ငံရေး အားပြိုင်မှု ရှိနေသည်။